ကျွန်းလှ၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်နှင့် ဆီထောက်ပံ့ပေးအပ်

ကျွန်းလှ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့ နံနက် ၁၀ နာရီက ဆန်နှင့် ဆီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ပင်စင်စားတစ်ဦးလျှင် ဆန် နှစ်ပြည်၊ ဆီ ၂၅ ကျပ်သားကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် မြို့ပြပင်စင် (၅၀၇) ဦး၊ ကာကွယ်ရေးပင်စင် (၈၇) ဦး၊ နိုင်ငံရေးပင်စင် (၁၂၅) ဦး၊ ဘဏ်ဝန်ထမ်းပင်စင် (၉) ဦး၊ စုစုပေါင်း (၇၂၈) ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ