ညောင်တုန်းမြို့နယ်တွင် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများဆောင်ရွက်

ညောင်တုန်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများ ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစစ်‌ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)