သတင်းများ

မွန်ပြည်နယ်မှ လာမည့်နှစ်ဆားထုတ်လုပ်ရာသီတွင် ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန် မျှော်မှန်းထား
Dec 29,2023
မွန်ပြည်နယ်အတွင်း လာမည့်နှစ် ဆားထုတ်လုပ်ရာသီအချိန်တွင် ဆားကွင်းပေါင်း ၉၀ မှ ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန်မျှော်မှန်းထားပြီး ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရှိ၍  ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းဌာနမှ သိရသည်။
ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြာင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက်ပေးအပ်
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လိန်ပင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့၌ ဒီဇင်ဘာကျောင်းအားကစားပြိုင်ပွဲများကျင်းပ
Dec 29,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒီဇင်ဘာကျောင်းအားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးရောက်ရှိခဲ့ပါက မြေဘုံသာ ဘုရားလှဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်နှင့်နံရံပန်းချီ၊ ဂူဘုရားတည်ဆောက် ပုံဗိသုကာပညာရပ်များကိုလေ့လာနိုင်
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရ ဘုရားများကိုဖူးမြော်ပြီး မြေဘုံသာဘုရားလှဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကိုဖူးမြော်ပြီး နံရံဆေးရေးပန်းချီများနှင့် ဂူဘုရားတည်ဆောက်ပုံဗိသုကာပညာရပ်တို့ကို လေ့လာနိုင်ကြောင်း သိရသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက် နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Dec 29,2023
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် RCနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ယနေ့ နေ့လည်က ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်အားပေး ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
(၃၇)ကြိမ်မြောက် သာမဏေကျော် လင်္ကာရစာမေးပွဲ ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
Dec 29,2023
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရ စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာလ(၂၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်းသည်။