မုဒုံ ဒီဇင်ဘာ ၂၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒီဇင်ဘာကျောင်းအားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အုပ်စုဖွဲ့လွန်ဆွဲပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲများကို ပြိုင်ပွဲဝင်ရင်သွေးငယ် ၅၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အား/ကာမှူး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီးတို့က ပြိုင်ပွဲအသီးသီးတွင် ဆုရကလေးငယ်များကို ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ၊ တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)