သတင်းများ

ဒေးဒရဲမြို့၌ တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေး
Nov 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယနေ့နံနက် (၈)နာရီက ချောင်းဖျားကျေးရွာတွင် တိရစ္ဆာန်ကောင်‌ရေ ကောက်ယူခြင်းလုပ်ငန်းများအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းနှင့် တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများ စတင် ကောက်ယူခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်
Nov 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်တွင် စတင်ကောက်ယူခဲ့‌သည်။
၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Nov 01,2023
၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ကန္ဒရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်ခရိုင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီဝင်များနှင့် မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဝါကျွတ်ကာလ သက်ကြီးဘွားဘိုးများအား ပူဇော်ကန်တော့
Nov 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဝါကျွတ်ကာလသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့မှ စေတနာအလှူရှင် ဦးအောင်ထွန်းမြင့် - ဒေါ်စန်းသီတာ (အေးချမ်းမြင့်မိုရ်ရွှေဆိုင်) မိသားစုက ကျေးရွာများသို့သွားရောက်ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဖြင့် လိုက်လံပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Nov 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်း မြို့အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင့်ခြင်းကို မြို့မစျေးတွင် ယမန်နေ့ ညနေ(၄) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ လွှဲပြောင်းပေးအပ်
Nov 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ  ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် လွှဲပြောင်းပေးအပ်ခြင်းကို  အောက်တိုဘာလ ၃၁ရက်၊ နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Nov 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ
Nov 01,2023
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု သင်တန်းသား၊ သင်တန်းသူများက ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း က လွိုင်ကော်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။