ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက်ပေးအပ်

ဝမ်းတွင်း ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လိန်ပင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်လျှက်ရှိသော ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် (၁.၈.၂၀၂၂) ရက်နေ့မှစ၍ (၃၁.၁၂.၀၂၃) ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပြီးစီးမှု (၃၁၅၀) ဦးနှင့် အိမ်ထောင်စု ဆောင်ရွက်ပြီးစီးမှု (၂၁၀) စုပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထံမှ သိရသည်။

အဆိုပါလိန်ပင်ကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာတွင်ဆောင်ရွက်လျက်ရှိသည့်    Biometric (ဇီဝဗေဒအချက်အလက်များ) ကောက်ယူသည့်လုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပန်းခင်းစီမံချက်(၂)ဖြင့်  ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၇)ခုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက် (One Stop Service) ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)