သတင်းများ

ကျောက်ဆည်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြော‌ပွဲကျင်းပ
Dec 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိကျောက်ဆည်တက္ကသိုလ်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ THERATREခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
Dec 27,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ပါဝါဘန့်အားသွင်းထားရာမှ အပူလွန်ပြီး နေအိမ် (၄)လုံး မီးလောင်ဆုံးရှူံးသွားခဲ့ရာ ယမန်နေ့က မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club ၊ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
Dec 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓာတု)၏ “တွင်းအတွေးစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ကျောင်းတွင်းကာယစွမ်းရည်ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့၌ ဘွဲ့တံဆိပ်တော်ရဆရာတော်များအားထပ်ဆင့်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Dec 27,2023
မိတ္ထီလာမြို့၌ ၂ဝ၂၃ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော် ၅ ပါးတို့အားထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂ဝ၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် စာဖြေအောင်မြင်တော်မူကြသောစာအောင် သံဃာ၊ သီလရှင် ၃ဝ၇ ပါးတို့အား ပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဥ် ဆောင်ရွက်
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးနေမှုကို သွားရောက်ဖူးမြော်ကြည်ညို
Dec 27,2023
စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေး စစ်ဆေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။