ကြို့ပင်ကောက် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြာင်း သိရသည်။
အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက သင်တန်းသားများအနေဖြင့် ကိုယ့်မြို့ကိုယ့်ရွာအတွက် ပရဟိတစိတ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြာင်း သင်တန်းမှပို့ချပေးခဲ့သောစာတွေ့လက်တွေ့ သင်ခန်းစာများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးချပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကာကွယ်ရေးများတွင် လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ တူညီဝတ်စုံများနှင့် မြို့နယ်မီးသတ်ဦးစီးမှူးမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ အသက်ရှုကိရိယာ BA Set အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးမင်းနိုင်နှင့် ဒုတိယမီးသတ်ဦးစီးမှူးတို့မှ သင်တန်းသား(၅၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)