သတင်းများ

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ပင်ဦးကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး
Dec 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စုမှ တောင်သူ (၃၇၈)ဦး၏ စပါးနှင့်အခြားသီးနှံစိုက်ဧက (၁၅၀၇) ဧကအတွက် ချေးငွေကျပ် (၁၆၁၉.၅၀)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)လုပ်ငန်းများ ဆောင်ရွက်
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သာဇီရပ်ကွက် အ.ထ.က (နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်းရှိ အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါ ပြည်လုံးချမ်းသာဘုရားကြီးဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို  ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ပြုလုပ်
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှုလုပ်ငန်းများ တိုးလာစေရန် ရည်ရွယ်၍ ကလိန်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၄၂၂၁၂ ဧက စိုက်ပျိုးပြီးစီး
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲ ၄၂၀၀၀ ဧက ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။
စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် လူကြီးများ စုပေါင်း၍ အလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် အသင်း (၁၁) သင်းဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယနေ့ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။