ကျွန်းစု ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားပြိုင်ပွဲများဖြစ်သော အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်၊ အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲများနှင့် စသည် ပျော်ရွင်စရာ အားကစားနည်းများအား ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)