သတင်းများ

စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် လူကြီးများ စုပေါင်း၍ အလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် အသင်း (၁၁) သင်းဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယနေ့ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာကော်မတီ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီနှင့် ထန်းတပင်မြို့နယ် လူငယ်ရေးရာကော်မတီတို့၏ အမှတ်စဉ် (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကျောက်တလုံးကြီးမြို့တွင် စဉ်ဆက်ပညာရေးသင်တန်း ဖွင့်လှစ်
Dec 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒေသခံပြည်သူများ  အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်မြင့်မားပြီး လူမှုဘဝမြင့်မားရေးအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် စဉ်ဆက်ပညာရေးသင်တန်းဖွင့်ပွဲကို ကျောက်တလုံးကြီးမြို့၊ အောင်ဇမ္ဗူလောင်း ဓမ္မာရုံတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခွဲကကျင်းပသည်။
ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်း ဖွင့်လှစ်
Dec 27,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ်ခြင်းကို မုတ္တမကျေးရွာအုပ်စု၊ ကျိုက်ဖျင်ဂူစေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပ
Dec 27,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။