ကျောက်ဆည် ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပတ္တာကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော တောင်သူဦးငြိမ်း ကွင်းအမှတ်(၂၀၉/ခ)၊ ဦးပိုင်အမှတ်(၂၃)ရှိ ဧရာမင်းစပါးစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧက(၈၅) တင်းထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရန်အတွက် မှန်ကန်သည့်မျိုးစပါးရွေးချယ်ကာ သိပ္ပံနည်းကျနည်းစနစ်ဖြင့်စိုက်ပျိုးလာကြောင်း၊ ရိတ်သိမ်းရာတွင်လည်း ရာသီဥတုကြောင့် ပျက်ဆီးဆုံရှုံးမှုမရှိရေး အချိန်တိုတိုနှင့်ဆောင်ရွက်နိုင်သည့် ရိတ်သိမ်းခြွေလှေ့ စက်များ ပိုမိုအသုံးပြုလာကြကြောင်း၊ စပါးများစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ တိုက်ရိုက်ချစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြရာ၊ တောင်သူ ဦးငြိမ်း၏ ဧရာမင်းမိုးစပါးသည် ပျိုးထောင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စပါးတစ်ဧကတွင် မျိုးဖိုးနှင့်မြေပြင်ခြင်း၊ ပျိုးထောင်/ ပျိုးနုတ်/ပျိုးသယ်၊ စိုက်ပျိုး၊ မြေဩဇာ၊ ဖျန်းဆေး၊ တစ်မန်းနိုး၊ ပေါင်းနုတ်၊ ရိတ်သိမ်းခြင်း စုစုပေါင်း ငွေကျပ် (၅၇၀၀၀၀)ကျော် ကုန်ကျကြောင်းနှင့် အထွက်နှုန်းအနေဖြင့် တစ်ဧကစပါး(၈၅)တင်းထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် ဇော်ဂျီ၊ ကင်းတား၊ သစ်တက်ကုန်း၊ ဆည်ရေများဖြင့် စိုက်ပျိုးသည့်အပြင် မိုးကောင်းရေသောက်စနစ်၊ မြေအောက်စက်ရေတွင်းစနစ်များဖြင့် နေရာဒေသအလိုက် အမျိုးမျိုးစိုက်ပျိုးရာ ၂၀၂၃-၂၀၃၄ ခုနှစ် မိုးရာသီတွင် စပါးစိုက်ဧကစုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)