ရေနံချောင်း ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့က ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အခမဲ့လာရောက်ဆေးကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉) အုပ်စုရှိ အထွေထွေရောဂါ ဝေသနာခံစားနေရသော ဒေသခံပြည်သူ များအား အခမဲ့ဆေးကုသပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းများကြိုတင် စီမံဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြပြီး လူနာစာရင်းများ ကြိုတင်ကောက်ယူရေး၊ လာရောက်ဆေးကုသမှုခံယူမည့် လူနာများ သက်တောင့် သက်သာဖြင့် စောင့်ဆိုင်းကုသမှုခံယူနိုင်ရန် ဆေးရုံဝန်းအတွင်း ယာယီနားနေဆောင်များ ပြင်ဆင်ထားရှိရေးနှင့် လိုအပ်သော လုပ်ငန်းအစီအမံများကို ကြိုတင်ဆောင်ရွက် ထားရှိနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကာ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်