ပေါင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ်ခြင်းကို မုတ္တမကျေးရွာအုပ်စု၊ ကျိုက်ဖျင်ဂူစေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် အရေးပေါ်အခြေအနေဖြစ်ခဲ့လျှင် စုဖွဲ့ပြီး ကူညီပေးနိုင်ရေးအတွက် သွားလာဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်မြေခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ ခွင့်ပြုချက်တောင်းခံခြင်း၊ မြေပြင်အချက်အလက်များအား စာရင်းကောက်ယူခြင်း၊ ထောက်ပံ့ကူညီပေးနိုင်ခြင်းအတွက် ဆောင်ရွက်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းအား စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့ရှိ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)