ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီနှင့် ထန်းတပင်မြို့နယ် လူငယ်ရေးရာကော်မတီတို့၏ အမှတ်စဉ် (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထင်ကျော်က လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) မြို့နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်၊ မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ထန်းတပင်မြို့နယ်အားကစားမှူး ဦးဇော်ဇော်နိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များကလည်း မိမိတို့ လူမှုရေးအဖွဲ့အစည်းမှ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနေမှုများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
လူငယ်ရေးရာကော်မတီ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအကြောင်းကို သိရှိစေရန်အတွက် အမှတ်စဉ် (၁/၂၀၂၃) လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းကို ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းကိုလည်း ဒီဇင်ဘာလ (၂၆)ရက်နေ့က မှော်ဘီမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)