ရွှေတောင်မြို့နယ်တွင် သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားတွင် ​ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်တွင် သွင်းအားစုချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေး ကြွေးကျန် ကျန်ရှိကျေးရွာအုပ်စုများအားခေါ်ယူ၍ လကုန်အမီအကြေပေးဆပ်နိုင်ရေး၊ မြေပြင်အခြေအနေများကို မိမိတို့ကိုယ်တိုင်ကွင်းဆင်း၍ ထိရောက်စွာ အောင်မြင်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး တက်ရောက်လာသော ကြွေးကျန် ကျန်ရှိကျေးရွာအုပ်စုများမှ လကုန်အမီ အကြေပေးဆပ်သွားမည်ဖြစ်ကြောင်း ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)