လိပ်သိုဒေသတွင် နနွင်းတက်များ စတင်တူးဖော်ရောင်းချ
Dec 27,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် တောင်ယာများတွင် နနွင်းစိုက်ခင်းများ တနိုင်တပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြရာ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ နနွင်းတက်များ စတင်တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။