စစ်ကိုင်း ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီဇင်ဘာ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ပညာသင်နှစ် ပညာရေးဘွဲ့(စာပေးစာယူ)(Bed) အပတ်စဉ် (၂၃)မှ ဘွဲ့ယူမောင်မယ်(၁၄၁)ဦး၊ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (စာပေးစာယူ) (Bed) အပတ်စဉ်(၁)မှ (၄၆)ဦးနှင့် လားရှိုးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (စာပေးစာယူ) (Bed) အပတ်စဉ်(၁)မှ (၅၇)ဦး၊ ဒီဇင်ဘာ(၂၃)ရက်၊ နံနက်ပိုင်းတွင် ၂၀၂၃ ပညာသင်နှစ်၊ လားရှိုးပညာရေးဒီဂရီကောလိပ် (စာပေးစာယူ) (Bed) အပတ်စဉ်(၁)မှ ဘွဲ့ယူမောင်မယ် (၄၄)ဦးနှင့် မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(စာပေးစာယူ) (Bed) အပတ်စဉ်(၁)မှ (၁၉၆) ဦး၊ မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(စာပေးစာယူ) (Bed) အပတ်စဉ် (၁)မှ (၂၇၅)ဦး၊ ဒီဇင်ဘာ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ပါရဂူဘွဲ့(၃)ဦး၊ မဟာပညာရေးဘွဲ့(၃၁)ဦး၊ ပညာရေးဘွဲ့(နေ့သင်တန်း)(၁၃၉)ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ)အပတ်စဉ်(၂၀)-(၃၆၂)ဦး၊ ပညာရေးဘွဲ့ (စာပေးစာယူ)အပတ်စဉ်(၂၁)-(၄၂၇)ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ)အပတ်စဉ်(၂၂)-(၃၉၀)ဦး၊ PGDMA ဘွဲ့လွန်ဒီပလိုမာ (၇၉)ဦးနှင့် အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်မှ ပညာရေးဘွဲ့(စာပေးစာယူ) (Bed)(EDC)အပတ်စဉ်(၁) စုစုပေါင်း (၆၁၈)ဦးကို ဘွဲ့ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း” စစ်ကိုင်းပညာရေး တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၃)ဦး၊ မဟာပါရေးဘွဲ့(၄၇)ဦး၊ ပညာရေးဘွဲ့(၂၁၃)ဦး၊ PGDMA ဘွဲ့လွန်ဒီပလိုမာ(၁၁၇)ဦး၊ ပညာရေးဘွဲ့(စာပေး စာယူ)(၃၀၂၄)ဦး၊ အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ် (၁၃)ကျောင်းမှ ပညာရေးဘွဲ့(စာပေးစာ ယူ)ဘွဲ့ရ (၃၄၆၆)ဦးတို့ကို ဘွဲ့ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် ယနေ့(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း(၃၈၇၃၄)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်