စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

စလင်း ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် လူကြီးများ စုပေါင်း၍ အလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် အသင်း (၁၁) သင်းဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းကို ယနေ့ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျော်စွာကလပ်အသင်းမှ (၂) သင်း၊ ကျောင်းသားလေး၊ ပြည့်ကြီးကလပ်နှင့် ကျွန်းတော်ဦး၊ ငှက်ပျောအိုင်၊ သန့်သန့်လေး၊ အောင်သရဖူ (၁-၂) နှင့် GAD ကလပ်အသင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ယှဥ်ပြိုင်ကစားကြရာ သန့်သန့်လေးနှင့် ကျော်စွာ (၁) အသင်း အောင်သရဖူ (၁) အသင်းနှင့် ကျွန်းတော်ဦးအသင်း ပြည့်ကြီးအသင်းနှင့် အောင်သရဖူအသင်းတို့ယှဥ်ပြိုင်ကစားခဲ့ကြရာ ထိုသို့ယှဥ်ပြိုင်ကစားနေမှု များအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် တာဝန်ရှိသူများက ကြည်ရှု့အားပေးခဲ့ကြကာ ပိုက်ကျော်ခြင်းအလွတ်တန်းပြိုင်ပွဲမှ ဆုရရှိကြမည့် အားကစားသမားများကို (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

(မောင်လွင်) စလင်း