သတင်းများ

လားရှိုးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Dec 29,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အ.လ.က (၅) ၌ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 29,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Dec 29,2023
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာစာရေး ဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်
Dec 29,2023
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပထမအကြိမ်မြောက် မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်ကို ကျိုင်းတောင်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 29,2023
မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သည့် နိဗ္ဗာန်ဈေးပွဲတော်ကို မျိုးဆက်သစ်လူငယ်များ သိရှိစေချင်သော ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၏ ပထမအကြိမ်မြောက် မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာ ၂၇ ညနေ ၃ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ မွေတော်မြို့နံစေတီတော်ဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာတက္ကသိုလ်တွင် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Dec 29,2023
၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့်   မုံရွာတက္ကသိုလ် (အဝေးသင်သင်တန်း)တို့၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ (၂၃)ရက်‌နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ ဒေသစိုက် စီးပွားဖြစ်ဆောင်းသီးနှံ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းကာ တစ်ကီလိုကျပ် ငါးထောင်ထိ ဈေးရကြောင်း တောင်သူတို့ ခန့်မှန်း
Dec 29,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူတို့ စီးပွားဖြစ်စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံရွှေဖရုံများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိပြီး တစ်ကီလို ကျပ်ငါးထောင်ထိ ပေါက်ဈေးပေးနေကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ သရက်အုပ်-ကညင်ကုန်းလမ်း မြေသားတာဘောင်ချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်အုပ်-ကညင်ကုန်းလမ်းမြေသားတာဘောင် ချဲ့ခြင်း၊ မြေသားတာဘောင်မြှင့်ခြင်းနှင့် မြေသားခင်းခြင်းလုပ်ငန်း (၂၅၀၀ ပေx၁၀ ပေx ၂ ပေ) ဖောက်လုပ်နေမှုအား ဒီဇင်ဘာလ ၂၇ ရက်နေ့၊မွန်းလွဲ ၁ နာရီ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။