ကျိုင်းတောင်း ဒီဇင်ဘာ ၂၉
မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သည့် နိဗ္ဗာန်ဈေးပွဲတော်ကို မျိုးဆက်သစ်လူငယ်များ သိရှိစေချင်သော ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၏ ပထမအကြိမ်မြောက် မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာ ၂၇ ညနေ ၃ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ မွေတော်မြို့နံစေတီတော်ဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပထမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပရာတွင် ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးမျိုးသက်နိုင်မှ ဦးဆောင်ကြီးမှူးကျင်းပပြုလုပ်၍ ကျိုင်းတောင်းမြို့အတွင်းရှိ စေတနာအလှူရှင်များတို့က ကော်ဖီ၊ လက်ဖက်ရည်များနှင့် ဖျော်ရည်များ၊ ရိုးရာမုန့်များ၊ ကြက်ဆီထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စသည့် စားသောက်ဖွယ်ရာ များတို့ကို ကုသိုလ်ဖြစ် စုပေါင်းကျွေးမွေးလှူဒါန်းမှုအား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့က လာရောက်၍ ကုသိုလ်ပြုကျွေးမွေးလှူဒါန်းမှုများအား စည်းကားသိုက်မြိုက်စွာဖြင့် တပျော်တပါး စားသောက်ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)