သတင်းများ

တိုက်ကြီးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များထောက်ပံ့ပေးအပ်
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယနေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များကိုတာဝန်ရှိသူများက သွားရောက်ကာထောက်ပံ့ပေးအပ်သည်။
ကော့သောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းရှင်းလင်းဆွေး‎နွေးပွဲ ပြုလုပ်
Dec 29,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကော့သောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သင်ကြား မည့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အလမ်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြည်မြို့အ.ထ.က(၁)၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်‌ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်‌ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
(၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်
Dec 29,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများအား ဆန်များထောက်ပံပေးအပ်
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့်ဆန်အား အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းများကို ယမန်နေ့မွန်းတည့်(၁၂)နာရီက တာဝန်ရှိသူများ သွားရောက်၍ ထောက်ပံ့ပေးအပ်သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်  ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့လှူဒါန်း
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များကို ယမန်နေ့ နံနက်  ၁၀ နာရီ လေးဆယ့်ငါးမိနစ်က  ထောက်ပံ့လှူဒါန်းပေး‌ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)အခမ်းအနားကျင်းပ
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan)အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။