သတင်းများ

ပလောက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၂၈ ရက်နေ့ညနေ ၃ နာရီခွဲက ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်
Dec 29,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ ပွင့်မာလာပန်းဥယျာဉ်ခြံဝန်း၌ စိုက်ထူထားရှိသော လွတ်လပ်ရေးကျောက်တိုင်အား သစ်လွင်တောက်ပမှုရှိစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ သန့်ရှင်းသာယာလှပသော ရုံး၊ ဌာနဖြစ်စေရေး ဆောင်ရွက်
Dec 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပသော ရုံး၊ ဌာနဖြစ်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုနှင့်အတူ အပတ်စဉ်သောကြာနေ့တိုင်း မိမိတို့၏ ရုံးဌာနများ၌ သန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက် မီးသွေးတိုက် ကွန်ကရစ်တိုင်၊ သံဘောင်ယက်မတံတားဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှု ကော်မတီမှကြည့်ရှုစစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက်-မီးသွေးတိုက် ကွန်ကရစ်တိုင်၊ သံဘောင် ယက်မတံတား ဆောက်လုပ်နေမှုအား ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအသုတ် အသားတိုးကြက်မွေးမြုရေး ချေးငွေရယူဆောင်ရွက်နေမှု အခြေအနေအား ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီမှ တတိယအသုတ် အသားတိုးကြက်မွေးမြုရေး လုပ်ငန်းက ချေးငွေရယူ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အမ်းမြို့၌ လူငယ်အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 29,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်အချိန်က လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ အထက-ခွဲ (မြို့ဦး) တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အဟာရတိုက်ကျွေး
Dec 29,2023
ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ Sunjin Myanmar Company နှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်နွားနို့နှင့် ကြက်ဥတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြို့ဦးအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ရာ အရှေ့ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ Mဇော်မိုင်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း က (အ ထ က-၁) ကျောင်းအောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။