မိုင်းယုမြို့၌ ဒေသစိုက် စီးပွားဖြစ်ဆောင်းသီးနှံ ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းကာ တစ်ကီလိုကျပ် ငါးထောင်ထိ ဈေးရကြောင်း တောင်သူတို့ ခန့်မှန်း

မိုင်းယု ဒီဇင်ဘာ ၂၉  

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူတို့ စီးပွားဖြစ်စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံရွှေဖရုံများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိပြီး တစ်ကီလို ကျပ်ငါးထောင်ထိ ပေါက်ဈေးပေးနေကြောင်းသိရသည်။

အခြားနိုင်ငံသို့ အချိန်မီတိုက်ရိုက်ရောင်းချနေရ၍ မိုင်းယုဒေသထွက်စိုက်ပျိုးသီးနှံ ရွှေဖရုံများ ဈေးကောင်းရလျက်ရှိကြောင်း၊ ယခင်နှစ်ပေါက်ဈေး ရွှေဖရုံသီး တစ်ကီလိုလျင် (၁၃၀၀) ကျပ်သာရရှိ ခဲ့သော်လည်း ယခုနှစ် တစ်ကီလို ကျပ် ငါးထောင် (တရုတ်ယွမ် ၁၀ ယွမ်) ပေးနေကြောင်း တောင်သူတို့၏ ခန့်မှန်းပြောကြားချက်အရ သိရသည်။

မိုင်းယုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲအမျိုးမျိုးတို့ကို စီပွားဖြစ်အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့် သီးနှံများအား အကျိုးအမြတ်များစွာရရှိစေရန်အတွက် မိုင်းယုဒေသမှတဆင့် အခြားဒေသတို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြကြောင်း သိရသည်။

ကိုကိုနိုင်