သာပေါင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်အုပ်-ကညင်ကုန်းလမ်းမြေသားတာဘောင် ချဲ့ခြင်း၊ မြေသားတာဘောင်မြှင့်ခြင်းနှင့် မြေသားခင်းခြင်းလုပ်ငန်း (၂၅၀၀ ပေx၁၀ ပေx ၂ ပေ) ဖောက်လုပ်နေမှုအား ဒီဇင်ဘာလ ၂၇ ရက်နေ့၊မွန်းလွဲ ၁ နာရီ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အတွက် ရန်ပုံငွေ (၉၀၀) သိန်းမှ (၁၅၀)သိန်းဖြင့် ဆီဆုံကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာတွင် သရက်အုပ်-ကညင်ကုန်းလမ်း မြေသားတာဘောင်ချဲ့ခြင်း၊ မြေသားတာဘောင်မြှင့်ခြင်းနှင့် မြေသားခင်းခြင်းလုပ်ငန်း (၂၅၀၀ ပေx၁၀ ပေx၂ ပေ) ဖောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလ ပြီးစီးရေးနှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်