သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲကျင်းပ
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ (၄၉)ကြိမ်မြောက် အာခါအမျိုးသားနေ့အခမ်းအနား ကျင်းပ
Dec 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၉)ကြိမ်မြောက် အာခါအမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၄နာရီက အမှတ်(၁)ရပ်ကွက်၊ အမေ့ရင်ခွင်ကျောင်းဝင်းတွင် ကျင်းပသည်
နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ (မျိုးကွဲရွှေတောင်-၁၀) စံကွက်ရိတ်သိမ်း
Dec 29,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ တောင်သူဦးခင်မောင်မြင့်၏ ချည်မျှင်ရှည်ဝါ (မျိုးကွဲရွှေတောင်-၁၀) (၁) ဧကစံကွက် အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်
Dec 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့အား ရှာဖွေကယ်ဆယ်ရေးဝတ်စုံများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျှက်ရှိရာ ယမန်နေ့က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပျော်ရွှင်စွာကျင်းပကြသည်။
မက်မန်းမြိုနယ်တွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဆောက်လုပ်မှု (၃၅%) ဆောင်ရွက်ပြီးစီးပြီဖြစ်
Dec 29,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လျက်ရှိကြောင်း သိရသည်။