လားရှိုး ဒီဇင်ဘာ ၂၉
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့ရွာ သန့်ရှင်းသာယာ လှပစေရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးမှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက မိမိတို့၏ကျေးရွာအလိုက် ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်က ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)