လားရှိုး ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အ.လ.က (၅) ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူများ၊ နှင့် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြ သည်။
အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၁၇) ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် (၃၅) ဦး၊ အလယ်တန်းအဆင့် (၆၀) ဦး၊ မူလတန်းအဆင့် (၂၉) ဦး၊ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)