သတင်းများ

မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်
Dec 29,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့၌ သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း ကော်ဖီပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်
Dec 29,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သစ်တောဦးစီးဌာနမှ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးမှု ဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄) နှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း၏အဓိကရည်မှန်းချက်ဖြစ်သော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေသော မြေယာစီမံအုပ်ချုပ်ခြင်းနည်းလမ်းဖြင့် စံပြသစ်တောများတည်ထောင်နိုင်ရန် စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကော်ဖီပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်
Dec 29,2023
နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 29,2023
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ပြည့်စုံစေရန် ဖြည့်သွင်းခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 29,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှုးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုစာရင်းပုံစံ (အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်များ ဖြည့်စွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ပြည်စုံစေရန် ရေးသွင်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍  ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေး​၍ ဆန်နှင့်စားအုန်းဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေး
Dec 29,2023
ပြည်ထောင်စုနယ်​မြေ၊ လယ်​ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် လယ်​ဝေးမြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်တွင် ပင်စင်လစာလာ​ရောက်ထုတ်ယူ​သောအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားအုန်းဆီများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းများကိုဒီဇင်ဘာ ၂၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ပေါင်မြို့နယ်၌ (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပ
Dec 29,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၈)နာရီက ထန်းပင်ချောင်ကြီးကျေးရွာ၌ ပြုလုပ်ခဲ့သည်။