နတ်မောက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ တောင်သူဦးခင်မောင်မြင့်၏ ချည်မျှင်ရှည်ဝါ (မျိုးကွဲရွှေတောင်-၁၀) (၁) ဧကစံကွက် အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး (၁)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကချည်မျှင်ရှည်ဝါအထွက်နှုန်း (၇၀၀) ပိဿာ ထွက်ရှိခဲ့ကြောင်း သိရ သည်။
၂၀၂၃ ခုနှစ်တွင် ဝါသီးနှံများကို စောစီးစွာအားထားစိုက်ပျိုးကြရာ အပင်များအောင်မြင်လျက်ရှိပြီး ဝါပွင့်များ ရိတ်သိမ်း၍ တစ်ပိဿာ(၃၂၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိသည်။ ယခုနှစ်ချည်မျှင်ရှည်ဝါ ဧကစုစုပေါင်း (၂၆၆၃၁ ) ဧကကိုစိုက်ပျိုးထား ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံကသိရသည်။
မူမူစန်း