တန့်ယန်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့အား ရှာဖွေကယ်ဆယ်ရေးဝတ်စုံများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားကာ ရှာဖွေကယ်ဆယ်ရေးဝတ်စုံ (၂၅) စုံအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)