တန့်ယန်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုအဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျှက်ရှိရာ ယမန်နေ့က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပျော်ရွှင်စွာကျင်းပကြသည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ၊ ဖိနပ်ရွေးပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)