သတင်းများ

မုံရွာမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဖောက်လုပ်ပြီးစီး
Dec 29,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် သုည ဒသမ ၄၉ ဖာလုံအား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုလ ၂၂ ရက်နေ့က ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှုဆောင်ရွက်ပေး
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှု ဆောင်ရွက်ပေး ခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း ​​ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ် သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 29,2023
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လိပ်သိုမြို့တွင် ဆောင်းနှင်းဝေ မူကြိုကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း အခမ်းအနားပြုလုပ်
Dec 29,2023
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကက်သလစ်သီလရှင်ကျောင်းတွင် ဖွင့်လှစ်ထားသော ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး “ ဆောင်းနှင်းဝေမူကြို” မှ “ရင်သွေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း” အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဖရန့်စစ်ဇေးဗီးယားသီလရှင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ Rev.Fr ဝင်းဦး၏ အဖွင့်မေတ္တာ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၊ ဝမ်ပြန်(အမက)ကျောင်းသို့ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Dec 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ ဝမ်ပြန်ကျေးရွာ အခြေခံခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ ခရစ္စမတ်နှင့် နှစ်သစ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများသို့ တက
Dec 29,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ စုပေါင်း၍ ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်အကြို ကျေးဇူး‌တော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်များ ဗလငါးတန်တိုးပွားစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပါင်း၍ လူငယ်လူရွယ်များ ဗလငါးတန်တိုးပွား‌စေရန်၊ အသိပညာဗဟုသုတများရရှိ‌စေရန် အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြာပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကန်ကြီးထောင့် မြို့နယ်၊ အ.လ.က မဂူကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။