မက်မန်းမြိုနယ်တွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဆောက်လုပ်မှု (၃၅%) ဆောင်ရွက်ပြီးစီးပြီဖြစ်

မက်မန်း ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအဆောက်အအုံအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာဌာနမှ တာဝန်ယူ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြရန်ပုံငွေကျပ်သန်းပေါင်း (၁၀၄.၅၈၀) ဖြင့် (၄၈ပေ×၃၂ပေ×၁၂ပေ)၊ တစ်ထပ်သံစီကွန်ကရစ်အမျိုးအစားအား ဆောက်လုပ်နေခြင်းဖြစ်သည်။ အဆိုပါအဆောက်အအုံဆောက်လုပ်ရာတွင် အရည်အသွေးပြည့်စွာ ဆောက်လုပ်နိုင်ရေးအတွက် ခရိုင်အဆင့်နှင့် မြိုု့နယ်အဆင့် တည် ဆောက်ကြီးကြပ်ရေးကော်မတီမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆောက်အုံမှာ (၃၅%) ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)