ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဠာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်နှင့် မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်တို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဆရာမလေးများက မွန်ရိုးရာအက၊ ရာမညမြေသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးချိုက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘောလီဘော်၊ ခြင်းခတ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများအပါအဝင် အခြားအားကစားနည်းပြိုင်ပွဲများကိုလည်း ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဥ္ဇူ