သရက်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

သရက် ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက တေဇအားကစားခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားရာမှာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အားကစားပြိုင်ပွဲတွေ လွတ်လပ်ရေးနေ့ နေ့ထူးနေမြတ်မှာ အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ သိုက်သိုက်ဝန်းဝန်း ပါဝင်ယှဉ်နွှဲစေရေး အားကစားကို လေ့လာလိုက်စားတဲ့ လူငယ်လူရွယ်လေးတွေ အများအပြားပေါ် ထွန်းလာစေရန်နှင့် နောင်တစ်ချိန်မှာ နိုင်ငံကိုယ်စားပြုပြီး နိုင်ငံဂုဏ်ဆောင်နိုင်မည့် အားကားသမားများ လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရတာ ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် အားကစားအဖွဲ့ခေါင်းဆောင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများမှ အာကစား သစ္စာအဓိဌာန်ကို ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လန်နှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြည်တော်အေး (ခ) အသင်းနှင့် အမှတ် (၅) အသင်းတို့မှ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)