ဒဂုံအရှေ့ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချစ်ကြည်ရေး လူငယ်အသင်း(၂)သင်းမှ ဖူဆယ်ဘောလုံးယှဥ်ပြိုင်ကစားခြင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးကျော်မင်းသန်းက ဘောလုံးကန်၍ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ NGO အဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)