ကျိုင်းတုံမြို့၌ (၄၉)ကြိမ်မြောက် အာခါအမျိုးသားနေ့အခမ်းအနား ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄)ကြိမ်မြောက် အာခါအမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၄နာရီက အမှတ်(၁)ရပ်ကွက်၊ အမေ့ရင်ခွင်ကျောင်းဝင်းတွင် ကျင်းပသည်။

ဦးစွာ အမေ့ရင်ခွင်ကျောင်းတော်ဖွင့်ပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

အာခါအမျိုးသားနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး အလှူ‌ငွေများ ပေးအပ်သည်။ ထို့နောက် တြိဂံ‌ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူုး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းတို့က အလှူငွေများပေးအပ်ရာ အာခါတိုင်းရင်းသားအကြီးအကဲက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အာခါတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)