သာပေါင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက်-မီးသွေးတိုက် ကွန်ကရစ်တိုင်၊ သံဘောင် ယက်မတံတား ဆောက်လုပ်နေမှုအား ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အတွက်ရန် ပုံငွေ(၉၀၀)သိန်းမှ (၁၅၀)သိန်းဖြင့် ရှင်ကြီးပျောက် ကျေးရွာအုပ်စု၊ ရှင်ကြီးပျောက် ကျေးရွာတွင် ရှင်ကြီးပျောက်-မီးသွေးတိုက် ကွန်ကရစ်တိုင်၊ သံဘောင်ယက်မတံတား (၆၀ပေx၆ပေx၁၅ ပေ)ဆောက်လုပ် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးနှင့် လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်