သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအသုတ် အသားတိုးကြက်မွေးမြုရေး ချေးငွေရယူဆောင်ရွက်နေမှု အခြေအနေအား ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီမှ တတိယအသုတ် အသားတိုးကြက်မွေးမြုရေးလုပ်ငန်းက ချေးငွေရယူ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ခရိုင်အဆင့်စီမံခန့်ခွဲ့မှုကော်မတီ အတွင်းရေးမှူး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာသိန်းဆွေဦး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အတွင်းရေးမှူးတို့မှ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်မရိုးပင်ကျေးရွာ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံ MSMEs ချေးငွေရယူ မွေးမြူနေသည့် ဦးနေမျိုးထိုက်ပါ(၃)ဦး အစုအဖွဲ့ အမှတ်(၁)၊ အသားတိုးကြက်မွေးမြူရေးခြံကောင်ရေ (၃၅၀၀) တတိယအသုတ်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဖြစ်ထွန်းတိုးတက်မှုအခြေအနေ၊ ဇီဝလုံခြုံရေးအခြေအနေတို့ကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်