မိုင်းယောင်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပသော ရုံး၊ ဌာနဖြစ်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုနှင့်အတူ အပတ်စဉ်သောကြာနေ့တိုင်း မိမိတို့၏ ရုံးဌာနများ၌ သန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာရုံးတို့၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို မိမိတို့ရုံးဌာနအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)