အမ်းမြို့၌ လူငယ်အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

အမ်း ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့နေ့လယ်အချိန်က လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ Book Club အသင်းဝင်ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အပတ်စဥ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ နံရံကပ်စာစောင်ပြပွဲများ လူငယ်အသိပညာပေး ဟောပြောပွဲများ အ​ခြေခံပညာကျောင်းများ၌ ပြောတတ်ဆိုတတ် ပြောရဲဆိုရဲရှိစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပေးလျက်ရှိပါကြောင်း ပြောကြားပြီး စာပေဆိုင်ရာအကြောင်းအရာများ စင်ကာပူသမ္မတလီကွန်ယု၏ စင်ကာပူနိုင်အားဖွံ့ဖြိုးတိုးတက်​စေရန် ဆောင်ရွက်ခဲ့မှုများနှင့် ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး လီကာရှင်း၏ မှတ်မှတ်သားသားစကားများ ကောက်နှုတ်ချက်များအား လူငယ်များအတုယူ မှတ်သားလိုက်နာစေရန် ရှင်းလင်းပြောကြားခဲ့ရာ မခင်ခင်စိုး၊ မသန်းရင်၊ မဥမ္မာထွေး၊ မမာမာစိုးတို့က သိရှိလိုသည်များအား မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နံရံကပ်စာစောင်ပြပွဲအား ကျင်းပပြုလုပ်ခဲ့ရာ စာပေမြတ်နိုးသူ ကျောင်းသား/ကျောင်းသူလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)