သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP) စီမံချက်ရေးဆွဲနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP)စီမံချက်ရေးဆွဲနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP) စီမံချက်ရေးဆွဲနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP)စီမံချက်ရေးဆွဲနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော် ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ
Jan 02,2024
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
Jan 02,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို ယနေနံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှသင်တန်းသားဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ သက်သာသော‌နှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ
Jan 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသော‌နှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်ရောင်းချသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးစံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးစံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူ လမ်းပေါ်ရှိ ဆူးလေကုန်းတံတားတည်ဆောက်မှုလုပ်ငန်းကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် မင်းဘူး - စလင်း - တညောင် - ဆိပ်ဖြူလမ်းပေါ်ရှိ  ဆူးလေကုန်းတံတားပေ (၁၂၀၀) တည်ဆောက်မှုလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းကို  ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးသည်။
ပေါင်းတည်၌ လွတ်လပ်ရေးနေအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၇၆ နှစ်​မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။