ပေါင်းတည် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၇၆ နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ လွတ်လပ်ရေးနေ့ အခမ်းအနားအစီအစဉ်များကို ပြောကြားပြီး အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအစီအစဉ်များကို အားကစားဆပ်ကော်မတီများနှင့် ဌာနဆိုင်ရာများအား ပေါင်းစပ်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြှိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဖြည့်စွတ်မှာကြားဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက အ.ထ.က ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)