သတင်းများ

အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉) နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 02,2024
လွတ်လပ်ရေး၏ အနှစ်သာရများအား ကျောင်းသား/ သူများအနေဖြင့် တန်ဖိုးထားသိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏အမွေအား လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်တတ်စေရေးတို့ကိုရည်ရွယ်ကာ ယနေ့နံနက် (၁၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အရောက်သွား၍ ကျောင်းသား/ သူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဘိုကလေးမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 02,2024
လွတ်လပ်ရေး၏ အနှစ်သာရများအား ကျောင်းသား/သူများအနေဖြင့် တန်ဖိုးထား သိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏အမွေအား လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် တတ်စေရေးတို့ကိုရည်ရွယ်ကာ ယနေ့နံနက် (၁၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အရောက်သွား၍ ကျောင်းသား/သူများအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားတွေ့ဆုံ
Jan 02,2024
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆေးဝါးတက္ကသိုလ် (မန္တလေး)၌ လွတ်လပ်ရေးနေ့အကြို ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် နှစ်သစ်ကို ကြိုဆိုခြင်း အခမ်းအနားပြုလုပ်
Jan 02,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအနီးရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး)တွင် လမည့်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၄ နှစ်သစ်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် အ.ထ.က(ခွဲ) ဇေယျာမွန်‌ကျောင်း၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jan 02,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ (ဇေယျာမွန်)၌ ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jan 02,2024
မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းက သဲဖြူကုန်းကျေးရွာရှိ (အ.မ.က)ရဲပြာကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ အ-ထ-ကကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ
Jan 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။