၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
Jan 02,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။