သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟွေ့တက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.လ.က (ခွဲ) မြို့အရှေ့ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံးတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာ ခံစားနေရသော လူနာများအား အခမဲ့ကွင်းဆင်းဆေးကုသပေး
Jan 03,2024
မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ နယ်လှည့်ဆေးကုသမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဒေါက်တာဆန်လွင်ဦး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီက ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက် အဆင့် (၂) အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်
Jan 03,2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက် အဆင့် (၂) အောင်မြင်ပြီးမြောက်ကြောင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ (၁) ရက်နေ့မွန်းလွဲပိုင်းက သန်လျင်ခရိုင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြီး ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
မိုင်းတုံမြို့၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၄ ပညာသင်နှစ်၊ (၇)ကြိမ်မြောက် မိဘ/ဆရာတွေ့ဆုံပွဲ ကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၄ ပညာသင်နှစ်၊ (၇)ကြိမ်မြောက် မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jan 03,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(လည်ပေါ်)တွင် ကျင်းပသည်။