ရမည်းသင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့နယ်လည့်ကွင်းဆင်းဆေးကုသ
Jan 03,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြင့်မြင့်မော်နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် အထူးကုဆရာဝန်များအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းကျေးအုပ်စု၊ ရွာတန်းသဲကျွန်းကျေးရွာ၊ သစ္စာရတနာခန်းမတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသပေးခဲ့ကြသည်။