Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ် စလင်း-မင်းဘူးကားလမ်းကတ္တရာလမ်းချဲ့လမ်းခင်းခြင်းလုပ်ငန်းများအား ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jan 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စလင်း-မင်းဘူးကားလမ်း တိုးချဲ့ကတ္တရာခင်းဆောင်ရွက်နေမှုနှင့် ကန်တော်ချောင်းတံတားချဥ်းကပ် လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၉နာရီ၃၀အချိန်က လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စလင်းမြို့နယ်အတွင်း ကတ္တရာလမ်းချဲ့ခြင်း မင်းဘူး၊ စလင်း၊ တညောင်၊ ဆိပ်ဖြူလမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 03,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရန်ပယ်အားကစားကွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆံတော်ရှင်ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Jan 03,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆံတော်ရှင် ဆူးလေစေတီတော်ကြီး၌ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁) ရက် နံနက် ၅ နာရီခွဲတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် တတိယအကြိမ်မြောက် စာစီကျောင်းရပ်ကွက်ဓမ္မာရုံ ဗုဒ္ဓပူဇနိယဆွမ်းသပိတ်လုံးပူဇော်ပွဲ ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာမုန်းပြားသလက်၊ အကြော်စုံနှင့် မုန့်ဟင်းခါး စတုဒီသာအလှူပွဲ ကျင်းပ
Jan 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်ဓမ္မာရုံ ဗုဒ္ဓပူဇနိယဆွမ်းသပိတ်လုံး ပူဇော်ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာမုန့်ပြားသလက်၊ အကြော်စုံနှင့် မုန်းဟင်းခါး စတုဒီသာကျွေးမွေး ဒါနပြုပွဲကို ဇန်နဝါရီလ(၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်မှ စတင်ကျွေးမွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မွေးကင်းစကလေး(၁၅)ဦးအား ထောက်ပံ့ပစ္စည်းများပေးအပ်
Jan 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံရှိ မွေးကင်းစကလေးများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက. ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များနှင့် ခရိုင်/မြို့နယ်စုပေါင်းရုံး၌ ကြက်ဥ၊ ကြက်သားများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Jan 03,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ကြက်သား/ ကြက်ဥလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကြက်သား/ကြက်ဥများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ယမန်နေ့နံနက်ပိုင်းမှစ၍ တောင်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များနှင့် ခရိုင်မြို့နယ် စုပေါင်းရုံးများသို့ လှည့်လည်ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7654
Page
7655
Page
7656
Page
7657
Current page
7658
Page
7659
Page
7660
Page
7661
Page
7662
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department