သတင်းများ

မိုင်းရယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲများကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အခြေခံပညာအလယ်တန်းအဆင့် ပန်းချီ၊ စာစီစာကုံးနှင့် မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဌာန၌ ပြုလုပ်သည်။
ပျဉ်းမနားမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jan 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကျောက်တလုံးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲ ကျင်းပ
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးအကြို ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲအား ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jan 02,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jan 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အားကစားပြိုင်ပွဲများ ပြုလုပ်
Jan 02,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန်၊​ ပျော်ရွှင်စေရန်၊ အားကစားစိတ်ဓါတ်များ ဖွံ့ဖြိုးရှင်သန်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၂) ရက်နေ့၊ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။